Tagged: ဥမ္မာလွင်

ကလေးငယ်သုံးသိန်းကျော်၏ ပညာရေးဘုံ

သုံးသိန်းကျော်သော ချို့တဲ့နွမ်းပါး ကျောင်းသား၊ ကျောင်းသူများ ပညာရေးဘုံပျောက်မည့်ကိန်းလော။ တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၁၅၀၀ ကျော်သော ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအရေး နေပြည်တော် လွှတ်တော်ဇာတ်ခုံပေါ် ရောက်လာသည်။ ထိုအခါ ဘုန်းတော်ကြီးသင်ပညာရေးကို မှီခိုနေရသော သုံးသိန်းကျော်သော ဆင်းရဲသားကလေးငယ်၊ မိဘမဲ့ကလေးငယ်များအတွက်...

မိုးနှင့်ကြို၍ အအေးပိုမည့် ဟေမန္တရာသီ

ပျှမ်းမျှလေးလလျှင်တစ်ကြိမ်ဖြင့် နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီကို ခံစားဖြတ်သန်းနေရသော မြန်မာနိုင်ငံတွင် ဟေမန္တဆောင်းဥတုသို့ ရောက်ရှိလာပြန်ပြီ ဖြစ်သည်။ မြောက်ပြန်လေညင်းနှင့်အတူ နံနက်ခင်း၌ မြူနှင်းမှုန်များကို တဖွဲဖွဲမြင်တွေ့ရစပြုလာသည်။ ယခုနှစ်ဆောင်းအဝင်ကို မိုးနှင့်ကြိုလျက် ဆောင်းအငွေ့အသက် အအေးဓာတ်ကိုလည်း ခံစားလာရပြီဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းတွင်...

“အခွန်တွေကို လျှော့ချပေးမယ်ဆိုရင် အခု US မှာရောင်းနေတဲ့ဈေးအတိုင်း ဒီမှာလည်း ရောင်းလို့ရပါတယ်”

Ford Brand Manager ကိုဥက္ကာနှင့် တွေ့ဆုံခြင်း မြန်မာနိုင်ငံသို့ လွန်ခဲ့သည့်လေးနှစ်ကဝင်ရောက်လာသည့် အမေရိကန်အမှတ်တံဆိပ် Ford မော်တော်ယာဉ်ကုမ္ပဏီ၏ လက်ရှိ ပြည်တွင်းဈေးကွက်အခြေအနေ၊ အစိုးရ၏ မော်တော်ယာဉ်မူဝါဒအပြောင်းအလဲနှင့် Brand News မော်တော်ယာဉ်ဈေးကွက်အကြောင်းများကို The Voice က...

အမျိုးသမီးငယ်တို့ လူမှုအရွေ့

ကဏ္ဍစုံ၏ အကြောင်းအရာမျိုးစုံ၊ အသွင်သဏ္ဌာန်မျိုးစုံတို့စုဝေးရာ ရန်ကုန်မြို့တော်၏ မြင်ကွင်းတွင် အသားရောင်မတူသူ၊ အရောင်အသွေးစုံဝတ်စားဆင်ယင်မှုအသွင်အမျိုးမျိုးဖြင့် လှုပ်ရှားသွားလာနေကြသော မိန်းကလေးများလည်း အပါအဝင်ဖြစ်သည်။ ထိုငယ်ရွယ်သူ အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုဖက်ရှင်သည် ယခင်ဆယ်စုနှစ်များနှင့်မတူ ကွာခြားလာသည်ကို ပြဆိုနေသည်။ မြင်သာသော ဝတ်ဆင်မှုအပြင် မမြင်သာသေးသော မည်သည်တို့က...

မြန်မာ့ဆင် အနာဂတ်မှန်းမျှော်ကြည့်ရာ

မြန်မာနိုင်ငံအတွင်း လုံးဝကာကွယ်ထားသည့်ဆင်များကို ဖမ်းဆီးနေမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ အခြားတစ်ဖက်တွင်လည်း ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။ မြန်မာ့ဆင်များ၏အနာဂတ် အဘယ်သို့ ရှိမည်နည်း။ တောထဲတွင် အစာရေစာရှားပါးလာမှုကြောင့် တောဆင်ရိုင်းမျာသည် တောပတ် ပတ်လည်ရှိ ရွာနားစပ်ကို မကြာခဏ ဝင်ရောက်လေ့ရှိကာ...

ခါကာဘိုရာဇီသောကနှင့်သဘာဝအမွေ ထိန်းသိမ်းရေးခရီးရှည်

အရှေ့တောင်အာရှတွင် မြန်မာတစ်နိုင်ငံတည်းသာ ရေခဲတောင်ဖုံးလွှမ်းသော ဒေသကိုပိုင်ဆိုင်ထားသည်။ ဆယ့်နှစ်ရာသီ ဆီးနှင်းများဖုံးလွှမ်းနေသော ရေခဲတောင်။ သန့်ရှင်းကြည်လင်နေသော ရေခဲတောင်။ ထိုရေခဲတောင်များ ပိုင်ဆိုင်ထားသော ခါကာဘိုရာဇီဒေသရေရှည်တည်တံ့နိုင်ရေး၊ ထိန်းသိမ်းရေးကို ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ အမြင့်ပေ ၁၉,၂၉၆ ရှိသော...

အိမ်ထောင်ပြုကြသည့် အသက်အရွယ်

အိမ်ထောင်ပြုမည်ဟု ရည်ရွယ်ထားပါက မည်သည့်အသက်အရွယ်က အကောင်းဆုံးဖြစ်မည်နည်း။ ဘ၀ခရီးတစ်ခုကို တည်ထောင်မည်ဆိုပါက မည်သည့်အချိန်က စတင်ရမည်နည်း။ အိမ်ထောင်တစ်ခု ထူထောင်ရန်အတွက် အသင့်တော်ဆုံးအချိန်ကိုရွေးချယ်ရမည်။ ဘ၀တစ်ခုတည်ထောင်ရန်အတွက် ဇနီးမောင်နှံနှစ်ဦး မကြာခင်လက်ထပ်တော့မည်။ ဇနီးမောင်နှံနှစ်ဦးဘ၀ခရီးအစပြုလျှောက်လှမ်းရန်အတွက် အတွေးကိုယ်စီဖြင့် ပြင်ဆင်ကြသည်။ မင်္ဂလာဆောင်ရန်ပြင်ဆင်နေသော ဇနီးမောင်နှံ အသက်က...

ကင်ဆာကို ကျော်ဖြတ်သူမှ ကူညီသူအဖြစ်သို့ …

အသားရောင်ဝင်းဝင်း၊ မျက်နှာကြည်ကြည်လင်လင်နှင့် အမျိုးသမီးတစ်ဦးထိုင်နေသည်။ ထူထဲနက်မှောင်သော ဆံနွယ်ကိုပိုင်ဆိုင်ထားသူ၊ တက်ကြွရွှင်လန်းသည့်အသွင်ရှိသူ ထိုအမျိုးသမီးမှာ ကျန်းမာရေးအထူး ကောင်းမွန်သူတစ်ဦးနှယ်။ သူက ဒေါက်တာအေးယုစိုး ဖြစ်သည်။ ဆရာဝန်လည်းဖြစ်၊ သူကိုယ်တိုင်လည်း ရောဂါဝေဒနာကို ရင်ဆိုင်တွန်းလှန်ခဲ့ရသူဖြစ်သည်။ သူ ထုတ်မပြောလျှင် ကင်ဆာရောဂါခံစားခဲ့ရသူဖြစ်ကြောင်း မသိနိုင်။...

GDP အတွက် သစ်ထုတ်ကြသည်

  တစ်နှစ်ကြာရပ်နားထားသည့်သစ်ထုတ်လုပ်ရေးလုပ်ငန်း ယခုနှစ်တွင်ပြန်လည်စတင်တော့မည်။ နိုင်ငံတော်ကို ဘဏ္ဍာငွေထည့်ဝင်နိုင်ရန်ဖြစ်သည်။ ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့သစ်လုပ်ငန်းမှ ကျပ်သန်းပေါင်း ၃၇ဘီလီယံ ထည့်ဝင်နိုင်ရန်လျာထားသည်။ “ဒီနှစ်သစ်ထုတ်ဖို့ရှိတယ်။ကျွန်းသစ်နဲ့ သစ်မာထုတ်မယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်က ဆိုသည်။ မြန်မာ့သစ်လုပ်ငန်းမှ...

လွတ်မြောက်လာခဲ့သူများ

ဒုက္ခမျိုးစုံမှ လွတ်မြောက်ခြင်း၊ အချုပ်အနှောင်မှ လွတ်မြောက်ခြင်း၊ ဘေးအန္တရာယ်အမျိုးမျိုးမှ လွတ်မြောက်ခြင်း၊ အသက်အန္တရာယ်မှ လွတ်မြောက်ခြင်း..။ အမျိုးစုံသော အကြောင်းတရားတို့မှ လွတ်မြောက်ခြင်းတွင် အစ ကတည်းက လွတ်မြောက်နေခြင်းနှင့် ကြုံတွေ့ရာမှ လွတ်မြောက်ခြင်းတို့မတူ။ ကြုံတွေ့ရာမှ လွတ်မြောက်ခြင်းသည် အလွယ်တကူတော့ မဟုတ်။...