Tagged: မေသက်ဇင်

ရာပြည့်ဂန္တဝင် မြကျွန်းညို

ကမ္ဘာကျော်သူများစွာကို သူမွေးထုတ်ပေးခဲ့သည်။ ကမ္ဘာကလည်း သူ့ကို အားကျအတုယူခဲ့ရသည်။ ရဲရဲတောက် သတ္တိဖြင့် ထူးချွန်ပြောင်မြောက်သူများစွာ သူ့အရိပ်တွင် နားခိုခဲ့ကြသည်။ လူငယ်တိုင်းသည်လည်း သူ့အရိပ်ကို ခိုလှုံခွင့်ရရန် အိပ်မက် မက်ခဲ့ကြသည်။ သူ့ထံမှ ပညာရည်နို့လည်း သောက်စို့ခဲ့ကြသည်။ သူ့ထံမှပင် ကိုလိုနီ...

စိုးရွံ့တုပ်ကွေး ဝေးစေ

ရုတ်တရက်ဖျားနာခြင်းက မိသားစုဝင်တစ်ဦးကို ခေါ်ဆောင်သွားခဲ့ချေပြီ။ ချန်ရစ်ခံခဲ့ရသူများအတွက်မူ ရာသီပေါ်ရောဂါဆိုး၏ အမည်သည် နားခါးစရာ ဖြစ်ခဲ့၏။ စိတ်မကောင်းစရာများကို ချန်ထားခဲ့ရစ်သော ဤရောဂါဆိုးအကြောင်း ကျန်ရစ်သူများက မပြောလို၊ မဆိုလိုကြ။ ရောဂါဆိုးတစ်ခုကြောင့် မိသားစုဝင်တစ်ဦး ခွဲခွာသွားခြင်းအတွက် လက်မခံချင်သော်လည်း လက်ခံခဲ့ရပြီ။ ဖြစ်ခဲ့သမျှအရာအားလုံးကို...

“၁၀၀ ရာခိုင်နှုန်း ကာကွယ်တဲ့ဟာတော့လည်း မဟုတ်ပါဘူး။ ဆေးတစ်ခါထိုးပြီးရင်လည်း နှစ်တိုင်း နှစ်တိုင်း ပြန်ထိုးဖို့လိုတာပေါ့”

ယခုနှစ် ဇွန်လမှစတင်၍ ရုတ်တရက်လူသေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သော ရာသီတုပ်ကွေး  Seasonal Influenza A H1N1I pdm 09 ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူဦးရေ ၂၀ ကျော်လာပြီဖြစ်သလို ကာကွယ်ဆေးများ ပြတ်လပ်သည်အထိ ပြည်သူများအကြားတွင် စိုးရိမ်မှုမြင့်တက်ခဲ့ရာ...

Victoria အတွက် တရားမျှတမှုရှာဖွေခြင်း

Victoria အမှုမှ သံသယရှိသူကို လွှတ်ပေးလိုက်ချိန်မှစ၍ ပွဲဆူလာလေတော့သည်။ အသက်သုံးနှစ်ပင် မပြည့်သေးသည့် ကလေးငယ် လိင်အမြတ်ထုတ်ခြင်းခံရမှုအတွက် တရားမျှတမှုရလိုသူများက အားမလိုအားမရနှင့် အမြန်ဆုံး အမှုမှန်ပေါ်ပေါက်စေလိုကြသည်။ မေလ ၁၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သောအမှုမှာ တစ်လနှင့် ၁၈ ရက်ကြာပြီးနောက်...

ပတူ ဒုက္ခ

အဝါရောင်ဂျက်ကတ် ဝတ်ဆင်ထားဟန်ထင်ရသော အင်းဆက်လေးများကြောင့် လူ့အသက်သေဆုံးသည်အထိ ဖြစ်ပေါ်လာသည်။ ထိုအကောင်လေးများက တောင်ပံတလူလူဖြင့် လေတွင် ဝဲပျံနိုင်သဖြင့်  လူထုမှာ ပို၍ပင် စိုးရိမ်သောကရောက်ကြရသည်။ အရှည် ၅ ဒသမ ၅ စင်တီမီတာခန့်သာရှိသော ထိုအင်းဆက်လေးများက တစ်နာရီလျှင် ကီလိုမီတာ...

မျက်နှာပြင်များပေါ်မှ တိုက်စားသွားသော ငယ်ရွယ်မှုများ

ဂိမ်းအလွန်အကျွံသုံးစွဲမှုကို လျှော့ချကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ပြုလုပ်သည့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲတွင် အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်က...

“လူကြီးရော၊ ကလေးရော သေပျောက်မှုနှုန်းရှိတယ်ဆိုတော့ သတိထားပြီးတော့ကြည့်ရမယ့် ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီနှစ်မှာ ဖြစ်ပွားမှု အတော်အသင့်များနိုင်တယ်”

သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူမှာ ယခုနှစ်လယ်အထိ ရှစ်ဦးရှိပြီး ရောဂါဖြစ်ပွားသူ ၇၄၃ ဦးရှိလာရာ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများနှင့် ကြိုတင်ကာကွယ်နေထိုင်သင့်သည့် နည်းလမ်းများကို ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစောဝင်းကို မေးမြန်းထားခြင်းဖြစ်ပါသည်။ The Voice Journal – သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း...

“လူကြီးတွေအနေနဲ့က နွားနို့စစ်စစ်သောက်တာမျိုးနဲ့ အသီးအရွက်၊ အသား၊ ငါးကို မျှတအောင်စားရမယ်။ အဆီအဆိမ့်တွေ လျှော့စားရမယ်”

အသက်အရွယ်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုများနှင့် ရောဂါဘယများက မဖိတ်ခေါ်ဘဲ ရောက်ရှိလာနိုင်သည်။ အသက် ၄၀ ပတ်ဝန်းကျင်မှ ၄၀ အထက် လူကြီးများအတွက် ကျန်းမာစေရန် နေထိုင်သင့်သည့် နည်းလမ်းများကို အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဝင်းဇော်သန်းနှင့် မေးမြန်းထားခြင်းဖြစ်သည်။ The Voice...

မစိမ့်ထက်ကိုရှာဖွေပေးသူ လန်ဝမ်ထိန်

နှင်းတောင်ပေါ်တွင် ပျောက်ဆုံးခဲ့သော မစိမ့်ထက်၏ သတင်းသည် သူ့နှလုံးသားကို ညိုးရော်စေခဲ့သည်။ အေးခဲနေသော နှင်းတောင်ကြီး၏ တစ်နေရာတွင် မစိမ့်ထက်ရှိနေသည်ဆိုသော အသိက ရှာဖွေပေးချင်သော သူ့စိတ်ကို နှိုးဆွ၏။ တောင်တန်းများအနီးတွင် မွေး၍ တောင်တန်းများအနီး ကြီးပြင်းရသူပီပီ မိမိဒေသတွင် ဖြစ်ခဲ့သောကြောင့်...

ပုဂ္ဂလိကကျောင်းဝရောက် လိင်အမြတ်ထုတ်မှု

ကလေးမိဘများအတွက် အချက်ပေးခေါင်းလောင်းသံ ထပ်မြည်လာပြန်သည်။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့ အစည်းက ခါးသီးစွာ ကန့်ကွက်ကြသည့် လိင်အမြတ်ထုတ်ခြင်းဖြစ်ရပ်တစ်ခု ပြည်ထောင်စုအစိုးရရုံးစိုက်ရာ နေပြည်တော်တွင် မေလအတွင်းက ဖြစ်ပေါ်ခဲ့သောကြောင့် ဖြစ်သည်။ နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသော Wisdom Hill မူကြိုကျောင်းတွင်...