Tagged: မောင်မိုးဇွန်

ရီဝေမှုန်ဝါးနေသော အလုပ်အကိုင်လမ်းစများ

အင်တာဗျူးအခန်းကို ကျောခိုင်းလာသည့် ကိုသော်ဇင်၏ ခြေလှမ်းများက လေးတုန့်နှေးကန်နေသည်။ အဆိုပါအခန်းအတွင်းသို့ မဝင်ခင်ကာလကမူ ယုံကြည်ချက်အပြည့်ဖြင့် အင်တာဗျူးကို ဖြေဆိုလိုက်မည်ဟု အားခဲထားသော်လည်း သူ၏အထင်နှင့်အမြင် တက်တက်စင်အောင် လွဲမှားသွားခဲ့သည်။ အလုပ်လျှောက်လွှာတွင် ပူးတွဲတင်ထားသော ကွန်ပျူတာဘွဲ့လက်မှတ်နှင့် အခြားသင်တန်းလက်မှတ်များကို ကိုယ်တိုင်အားရကျေနပ်ခဲ့သော်လည်း အင်တာဗျူးမေးမြန်းသူက...

ပုံရိပ်ယောင်ဘ၀တွင် ပျော်မွေ့ခြင်း

မျက်ရည်စက်လက်ကျနေသည့် မျက်ဝန်းနှင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်လေးသည် လက်ကိုင်ဖုန်းကင်မရာကို ကြည့်နေသည်။ သို့သော် ကိုယ်ဟန်အနေအထားကို ကျော့ကျော့မော့မော့လေးဖြစ်စေရန် ဂရုစိုက်ပြီးမှ ကင်မရာခလုတ်ကို သူနှိပ်လိုက်သည်။ အဆိုပါဓာတ်ပုံလေးကို Facebook ပေါ်သို့တင်လိုက်သည့်အခါ Like ၊ Comment များရာချီ တက်လာကြသည်။...

တစ်ချိန်ကဗီလိန် အခုမင်းသား

“ငယ်ငယ်ကဆိုရင် ဂိမ်းဆိုင်ဆိုတာ ခိုးသွားရတာ။ အိမ်ကသိရင် တုတ်တစ်ချောင်းနဲ့ လာဆွဲထုတ်တာခံရသေးတယ်” ဟု ကိုမာန်သူဟိန်းကရယ်သွမ်းသွေးရင်း ဆိုသည်။ သူ့ကိုကြည့်ရသည်မှာ အတိတ်ကို ပြန်လွမ်းနေမိသယောင်ယောင်ပင်။ အသက် ၃၀ ကျော်အရွယ်ရှိပြီး အသက်မွေးဝမ်းကျောင်းမှုအတွက် ပုဂ္ဂလိကဘဏ်တစ်ခုတွင် မန်နေဂျာရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော်လည်း သူသည်...

ရွှေပြည်တော်သို့ အထုပ်ပိုက်ပြန်သူများ

“အစ်မ ကီလိုရဦးမလား။ အစ်ကိုရေ ကီလိုဝယ်ချင်လို့” ဆိုသည့် အမေးစကားမျိုးသည် စင်ကာပူမှ အမိမြေမြန်မာနိုင်ငံသို့ ပြန်တော့မည့် ကိုရွှေမြန်မာများအတွက် မထူးဆန်းလှသည့် အမေးစကားတစ်ခုဖြစ်သကဲ့သို့ အင်မတန်မှ နားဝင်ချိုသော စကားသံလည်း ဖြစ်လေသည်။ မြန်မာနိုင်ငံသို့ အလည်ပြန်လိုသူများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် အပြီးပြန်ကြမည့်သူများအနေနှင့်...

လေလှိုင်းပေါ်က ကိုယ့်အိမ်လေး လုံခြုံပါရဲ့လား

မြန်မာပြည်တွင်သာမက ကမ္ဘာတစ်ဝန်းတွင်ပါ Facebook , Instagram , Viber , Wechat စသော လူမှုကွန်ရက်နှင့် Social Messaging Application များသည် လူတိုင်းနီးပါးနှင့် ခွဲခြားမရလောက်အောင်ကို နီးစပ်ဆက်နွှယ်နေသည့်အရာများ ဖြစ်လာသည်။ တစ်နေ့တာ၏...

အိုင်စီတီ အငြိမ်ရွေ့သည့်နှစ်

မြန်မာ့ မိုဘိုင်းလ်ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် ၂၀၁၃ ခုနှစ်နှောင်းပိုင်းမှစတင်ပြီး အရှိန်ကောင်းကောင်းဖြင့် တိုးတက်လာခဲ့သည့် ပြည်တွင်းသတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေးကဏ္ဍသည် ၂၀၁၇ ခုနှစ်သို့ ရောက်လာသည့်အခါ အရှိန်အဟုန်ကောင်းများ ရှိနေဆဲ ဖြစ်သော်ငြား အပွတ်အတိုက်အတွေ့အထိများလည်း အတန်ငယ်တိုးပွားလာသည်ကို မြင်တွေ့ခဲ့ရသည်။...

ဖုန်းဘီလ်တွေ ပိုဖြတ်နေကြသလား

“ ဖုန်းဘီလ် ၁၀,၀၀၀ ထည့်ထားတာ နာရီဝက်တောင် မရှိသေးဘူး။ ဘာမှမသုံးလိုက်ရဘဲ ၀ ကျပ် ဖြစ်သွားပြီ” ဟု ကိုမင်းမင်းလတ်တစ်ယောက် စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်ရေရွတ်ရင်း စိတ်ခံစားချက်များသည် လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်သို့ Post တစ်ခုအဖြစ်...

မျက်ဖြူဆိုက် မြန်မာဂိမ်းများ

အရောင်အသွေးစုံလင်ပြီး အပြင်အဆင်အဆန်းတကျယ်ရှိလှသည့် မြေနီလမ်းမအလယ်တွင် သမိန်ပေါသွပ်တစ်ယောက် အမောတကောပြေးလွှားနေလေသည်။ နာမည်ကျော်တေးသံရှင်တစ်ယောက်၏ ရယ်ရွှင်ဖွယ်ကောင်းသည့် နောက်ခံစကားပြောသံနှင့် မြူးကြွသည့်တေးသံတို့က လက်ကိုင်ဖုန်း Screen ပေါ်ရှိ သမိန်ပေါသွပ်ဇာတ်ကောင်ကို ပိုမိုကြွရွစေသည်။ ဂိမ်းဝါသနာရှင် ထူးထူးတစ်ယောက်၏ မိုဘိုင်းလ်ဖုန်းမျက်နှာပြင်အပေါ် အာရုံစူးစိုက်မှုမှာ ပျံ့လွင့်ဟန်မရှိလှဘဲ ဖုန်းမျက်နှာပြင်ပေါ်တွင်...

မပြီးသေးသော ဇာတ်လမ်း

  ကိုညီညီဦးတစ်ယောက် သူနေထိုင်ရာ ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တစ်ခုရှိ လူစည်ကားသော မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်ကြီးတွင် ဆင်းမ်ကတ်ဝယ်ယူနေသည်။ “မှတ်ပုံတင်ပြီးသားပါ၊ ဘာမှလုပ်စရာမလိုတော့ဘူး” ဟု ဆင်းမ်ကတ်ထုတ်ပေးရင်းပြောလာသည့် အရောင်းဝန်ထမ်းအမျိုးသမီး၏ စကားကြောင့် သူအံ့အားသင့်သွားသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက်နေ့ နောက်ဆုံးထား၍...

တယ်လီနောမြန်မာမှ ဈေးကွက်ဆိုင်ရာအရာရှိချုပ် Joslin Myrthong နှင့် တွေ့ဆုံခြင်း

“ဘီလ်တွေပိုဖြတ်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းပြချက်ကတော့ ကွန်ရက်ပိုမိုကောင်းမွန်လာပြီး လိုင်းတွေအရမ်းမြန်လာလို့ပါ” တယ်လီနောဆင်းမ်ကတ်အသုံးပြုသူများအကြား အပြောများနေသည့် အသုံးပြုခပိုမိုဖြတ်တောက်မှုများရှိနေသည်ဆိုသည်နှင့်ပတ်သက်၍ တယ်လီနောမြန်မာ၏ ဈေးကွက်ဆိုင်ရာအရာရှိချုပ် Joslin Myrthong ကို The Voice က တွေ့ဆုံမေးမြန်းထားပါသည်။ Voice – တယ်လီနောမြန်မာရဲ့...