Tagged: အောင်မျိုးထက်

၂၆၁  ထောင်ချောက်ပြဿနာ

ဖက်ဒရယ်စနစ်ဆီသို့ သွားလိုသည့် နိုင်ငံတော်အနေနှင့် ယင်း၏ အနှစ်သာရတစ်ခုဖြစ်သည့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအတွက် နိုင်ငံ၏အရေးပါသည့် ထိပ်တန်းခေါင်းဆောင်များက စဉ်းစားနေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ ယင်းအတွက်လည်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေပြင်ဆင်ရန်လိုမည် ဖြစ်သည်။ လွှတ်တော်အဆင့်နှစ်ခု၊ အစိုးရအဆင့်နှစ်ခုထားရှိခြင်းသည် ဖက်ဒရယ်၏ လက္ခဏာတစ်ရပ်ဖြစ်ပြီး လက်ရှိ...

“ဥပဒေကြမ်းတစ်ရပ်ဟာ လွှတ်တော်ကို တင်သွင်းလိုက်တာနဲ့ အတည်ပြုကို ပြုရမယ်ဆိုတာမျိုးတာဟာ မရှိပါဘူး”

အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ(၄၅ ဦးကော်မတီ)အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးနဲ့ တွေ့ဆုံခြင်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က လုပ်ဆောင်လျက်ရှိသလို အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ခြင်းဆိုင်ရာ...

NLD ၏ တပ်လှန့်သံ

၂၀၂၀ ရွေးကောက်ပွဲနှင့် နီးကပ်လာသည်နှင့်အမျှ အာဏာရပါတီကလည်း သူ၏ လူများကို တပ်လှန့်လိုက်ပြီ ဖြစ်သည်။ လူထုက ခွင့်မလွှတ်သော သို့မဟုတ် ရွေးကောက်ပွဲအောင်နိုင်ရေးကို ထိခိုက်စေမည်ဖြစ်သော လုပ်ရပ်ကို ရှောင်ရှားရန်သတိပေးလိုက်ခြင်း ဖြစ်သည်။ “နောက်လူတွေ သတိထားပေတော့ဗျ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD)...

သတင်းတစ်ပုဒ်ကြောင့် ချုပ်၊ သတင်းတစ်ပုဒ်ကြောင့် ကယ်ထုတ်

မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးကို သခင်စစ်ကုမ္ပဏီက ဖမ်းဆီးထားသည်ဆိုသည့် သတင်းသည် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်။ အဆိုပါသတင်းကို ၎င်းတို့၏ သတင်းဂျာနယ်ကပင် Facebook စာမျက်နှာမှ တစ်ဆင့် အများပြည်သူသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းသတင်းကို ရေးသားပေးပို့သူ ကိုယ်တိုင်က ဖမ်းဆီး...

အဂတိကော်မရှင် ငါးကြီးကြီးကြော်ဖို့ မီးစိမ်းစောင့်နေရသလော

ကြုံးဝါးသံပြင်းပြင်းဖြင့် တာထွက်ခဲ့သည့် ကော်မရှင်နှင့်ပတ်သက်၍ သက်တမ်းတစ်နှစ်ကျော်ကြာလာချိန်တွင် သို့လော သို့လော မေးခွန်းများ ထွက်ပေါ်လာသည်။ ပြန်ကြားရေးဝန်ကြီးဟောင်းလည်း  ဖြစ်၊ အငြိမ်းစားတပ်မတော်အရာရှိ(ဗိုလ်ချုပ်)လည်း ဖြစ်သည့် ဦးအောင်ကြည် ခေါင်းဆောင်သည့် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို နိုင်ငံတော်သမ္မတအမိန့်ဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဖွဲ့စည်းခဲ့သည်။...

NLD အခက် USDP အချက်

အာဏာရပါတီက ဟသွားသည့် အဟအပေါ်တွင် အတိုက်အခံပါတီက ချက်ကောင်း တွေ့သွားပုံပေါ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD) ပါတီက အာဏာရပြီး သုံးနှစ် ဝန်းကျင်အထိ ငြိမ်သက်နေခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စသည် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက စတင်လှုပ်ခတ်လာခဲ့ပြီး ပြဿနာအချို့နှင့်...

ကာလုံနှင့် ကာလုံ + အငြင်းအခုံ

အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုက လက်ရှိအစိုးရအတွက် လတ်တလောအချိန်အထိ အသုံးမဝင်သေးကြောင်းပြဆိုလျက်ရှိသည်။ အုပ်ချုပ်ရေးအခန်းတွင် ပါရှိပြီး ပုဒ်မ ၂၀၁ပါ ပြဋ္ဌာန်းချက်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော် လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော် လည်းကောင်း ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားကာကွယ် ...

လင်းနို့ဂူ သို့မဟုတ် အရိုင်းမြေကို အလှဆင်ခြင်း

လမ်းမကြီးတစ်လျှောက်ဘေးဝဲယာတွင် သဘာဝတောနှင့် တောင်များ၊ အရိုင်းမြေများက စိမ်းညို့နေသည်က မြင်နေကျ အညာဒေသ၏ နောက်ခံအခင်းအကျင်းနှင့် ဆန့်ကျင်နေသည်။ ရွှေဘို – မြစ်ကြီးနား ကားလမ်းမမြောက်ဘက်ဆီသို့ တရွေ့ရွေ့ခရီးဆက်ပါက မိုင်တိုင်အမှတ် ၆၅ တွင် လောလောလတ်လတ်ပင် အရိုင်းမြေကို အလှဆင်ထားသည့်...

တပ်မတော်အရွှေ့ ဘယ်အထိရွေ့မလဲ

လူထု၏ မကြည်ဖြူမှုကို နှစ်များစွာခံခဲ့ရသည့် တပ်မတော်သည် သိသာပြီး အကျိုးဆက်ကြီးမားသည့် အရွေ့နှစ်ခုဖြင့် လက်ခုပ်သံတို့ကို သိမ်းပိုက်လိုက်သည်။ လေးလကျော်ကြာမြင့်မည့် အပစ်အခတ်ရပ်စဲရေးနှင့် ပြီးခဲ့သည့် ကာလတစ်လျှောက်လုံးတွင် ၎င်းတို့က ကျောထောက်နောက်ခံပြုထားခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ရွေးကောက်ခံအစိုးရ လက်ထဲသို့ ထိုးပေးလိုက်ခြင်းတို့ ဖြစ်သည်။...

နှုတ်ချို လျှို၊ နှုတ်ပြို ငို

စကားပြောဆိုခြင်းနှင့် ပတ်သက်၍ မြန်မာ့လူ့ဘောင်၌ သတိပေးစကားပုံနှင့် ဆိုရိုးစကားတို့များစွာ ရှိနေသည်ကပင် စကားပြောဆိုမှုအရာသည် မည်မျှခက်ခဲကြောင်း ထပ်ဆင့်ဖော်ပြနေသယောင်။ မနေ့တစ်နေ့ကပင် ပြည်ထောင်စုအဆင့်ဝန်ကြီးတစ်ဦးသည် တောင်းပန်လိုက်ရသည်။ အစွန်းရောက်ဘာသာကြီးတစ်ခုဟု ပြောဆိုသုံးနှုန်းခဲ့မှုသည် မည်မျှတာသွားကြောင်း နားလည်သဘောပေါက်ခဲ့ပြီးသည့်နောက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက ပြန်လည်တောင်းပန်လိုက်ပြီး သူ့စကားတို့ကိုလည်း...