Tagged: အောင်ဖြိုးဦး

အိမ်တွင်းငရဲက မလွတ်မြောက်နိုင်သေးပါ

အင်းစိန်ဆေးရုံကြီး အမျိုးသမီးခွဲစိတ်ကုသဆောင်ရှိ ခုတင်ပေါ်တွင် မျက်လုံးများ ညိုမည်းစွဲနေသည့် ဒဏ်ရာများဖြင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်မှာ ဆေးကုသမှုခံယူနေသည်။ မျက်ကွင်းနှစ်ဖက်အပြင် နဖူးလည်းရောင်နေသည့် ဒဏ်ရာများရထားသည်။ ညာဖက်မျက်ကွင်းက ပို၍ ညိုမည်းနေသည်။ ယင်းမိန်းကလေးငယ်သည် မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင်...

ဘားအံထောင် အဖောက်ခံရသည့် ပျော့ကွက်

ဘားအံထောင်အတွက် မေးခွန်းနှစ်ခု ရှိသည်။ အဖောက်ခံရခြင်းလော။  ထောင်ဖွင့်ပေးလိုက်ခြင်းလော။ ဘားအံထောင်ဖောက်ကာ အကျဉ်းသား ၄၂ ဦး ထွက်ပြေးသွားခဲ့သည့် သတင်းသည် ပြည်သူလူထုကို အံ့ဩတုန်လှုပ် သွားစေသည်။ မနက်ခင်း ၈ နာရီတွင် ထောင်သားများက ထောင်တွင်းအမှိုက် လာသယ်သည့်...

ဒီမိုကရေစီကို အိုးမည်းသုတ်ရန် စွမ်းအားရှင်တို့ပြန်လာပြီ

စစ်အစိုးရ လက်ဟန်ခြေဟန်များမှာ အရပ်သားအစိုးရလက်ထက်ရောက်သည်အထိ မပျောက်သေး။ လတ်တလောဖြစ်ပွားနေသည့် စစ်ပွဲများရပ်ဆိုင်းရေးအတွက် ပြီးခဲ့သည့်ရက်သတ္တပတ်က တာမွေအဝိုင်းအနီးတွင် တောင်းဆိုဆန္ဒပြသူများကို ဖြိုခွဲရာတွင်အရပ်ဝတ်ထားသူများက ဆဲဆိုကာ ဝင်ရောက်ရိုက်နှက်ဖမ်းဆီးကြသည်။ မီဒီယာသမားများကိုပါ ဆဲဆိုခြိမ်းခြောက်သေးသည်။ ရဲတပ်ဖွဲ့ဝင်အင်အားဖြင့် ဖြေရှင်းနိုင်သည့် ယင်းသို့ဆန္ဒပြမှုတွင် အရပ်ဝတ်များပါဝင်လာခြင်းကြောင့် စစ်အစိုးရ လက်ထက်တွင်...

တစ်ကျော့ပြန် ကျေးလက်လော်

ဖုန်တလူလူဖြစ်နေသည့် လယ်ကွင်းအတွင်း ကျေးလက်ဒေသတွင်သာ ကျင်းပသည့် ပြိုင်ပွဲတစ်ခုကိုကြည့်ရန် စောင့်နေကြသည့် ပရိသတ်သည် နေရိပ်ထဲနှင့် နေပူထဲတွင်ပင် အစုလိုက်ရှိနေကြသည်။ ပြိုင်ပွဲဝင်ရန် ပြင်ဆင်နေသည့် အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် ရွှေညီကိုနှင့် ဆုတိုင်းကျော် တို့ကို စောင့်ကြည့်နေသူက ရာကျော်ရှိသည်။ ‘စပါတော့ဟေ့။...

တရားခံရုံးထုတ် ပွင့်လင်းမြင်သာမှုမေးခွန်း

တရားခံကို လူမမြင်စေရန် တရားရုံးနောက်ပေါက်မှ ပို့ဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နာမည်ကြီးအမှုအချို့တွင် ထိုသို့ လုပ်ဆောင်နေသဖြင့် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ “ရှင်တို့ ဘာလို့ အဲဒီလောက် ကာကွယ်နေတာလဲ” မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) မှ ဒုညွန်ကြားရေမှူး မရွှေရည်ဝင်းအား...

သေဒဏ် အမှန်တကယ်အသက်ဝင်ဖို့ လိုပါ၏လော

‘လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်း သေဒဏ်ပေးရေး ဥပဒေပြဋ္ဌာန်းပေး’ ဆိုသည့် စာလုံးအနီများဖြင့်ရေးထားသော ဗီနိုင်းအဖြူကို နောက်ခံထားလျက် လူတစ်စုမှာ လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ ယင်းတို့အရှေ့က စားပွဲပေါ်တွင် စာရွက်အဖြူများချထားသည်။ ” သေဒဏ်ပေးရေးအတွက် ပြည်သူတွေ သဘောထားလက်မှတ်ထိုးလို့ရပါတယ်” ဟုလည်း လူစုက ဆော်ဩနေကြသည်။...