Tagged: အောင်ဖြိုးဦး

အမှီအခိုကင်း လူ့အခွင့်အရေးကော်မရှင်ဖြစ်ရေး

လူ့အခွင့်အရေးကော်မရှင် အပြည့်အဝလွတ်လပ်ခွင့်ရှိရေးအတွက် ကော်မရှင်ကို ရွေးချယ်ဖွဲ့စည်းသည့် ပုံစံ ပြင်ဆင်ရန် တောင်းဆိုသံများ ထွက်လာသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလာကြသည်။ သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းကုန်ခါနီးက ဖွဲ့စည်းပေးခဲ့ပြီး လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ...

ဓမ္မစက်ဖြင့် မနိုင်တော့သည့် မဘသ

မဘသအတွက် ဓမ္မစက်ဖြင့် ဆောင်ရွက်ခြင်း တစ်ခန်းရပ်သွားပြီဖြစ်သည်။ အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ကို အမည်ပြောင်းဖွဲ့စည်းထားသည့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဆရာတော်နှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော်တို့အပေါ် ဓမ္မစက်ဖြင့် ဆောင်ရွက်မည့် အခန်းကဏ္ဍပြီးဆုံးသွားပြီ ဖြစ်ကြောင်း သာသနာရေးနှင့်...

လောကုတ္တရာကို ရွေးချယ်ခဲ့သော ဂုဏ်ထူးရှင်များ

“မိဘကျေးဇူးကို ပြန်ဆပ်ချင်လို့  သာသနာ့ဘောင်ကို ဝင်ခဲ့တာပါ” ထို့သို့ မိန့်ကြားခဲ့သူက အခြားသူ မဟုတ်။ ယခုနှစ်တက္ကသိုလ်ဝင်တန်းဘာသာစုံဂုဏ်ထူးရှင် ပူပူနွေးနွေး ကိုရင်ဖြစ်သည့် ရှင်ကိတ္တိဇ၀ပင် ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကိုရင်ရှင်ကိတ္တိဇ၀ (အောင်ကောင်းဆက်) က သာသနာဘောင်သို့...

သန့်ရှင်းရေးလုပ်သားကြီးများ အဆင်ပြေပါ၏လော

ကျယ်လောင်စွာထွက်ပေါ်လာသော ဖုန်းအချက်ပေးသံကိုပိတ်ကာ ကိုဖြိုး အိပ်ရာမှ လူးလဲထလိုက်သည်။ နံနက် ၅ နာရီပင် ရှိသေးသော်လည်း သူ့အလုပ်ချိန်ရောက်ရန် သိပ်မလိုတော့သဖြင့် ခပ်သုတ်သုတ် ပြင်ဆင်လိုက်လေသည်။ သူ့အလုပ်မှာ နံနက် ၅ နာရီခွဲတွင် အလုပ်လုပ်ရန်အတွက် တန်းစီရခြင်းဖြစ်ပြီး တန်းစီပြီးနောက်တွင်...

ဆရာဝန်များ အသက်နှင့်ရင်း၍ သတိပေးခဲ့သည် 

တာဝန်အရ အသက်ကယ်ရန်သွားရသူအချို့ပင် အသက်ဆုံးရှုံးသည်အထိဖြစ်ခဲ့သည်။ ပြည်သူ့ကျန်းမာရေးအတွက် နယ်ဒေသသို့သွားကာ တာဝန်ထမ်းဆောင်ရသည့် ဆရာဝန်အချို့မှာ ယာဉ်မတော်တဆမှုကြောင့် မိသားစုဝင်များထံသို့ လုံးဝပြန်မလာနိုင်သူများရှိခဲ့သည်။ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကြောင့် ဆရာဝန် သုံးဦးသေဆုံးပြီး ဆရာဝန်သုံးဦး...

ရဲတပ်ဖွဲ့အလိုရှိသူများ လွတ်မြောက်နေသည်

ဝရမ်းထုတ်ခံထားရသူများကို မဖမ်းဆီးနိုင်သည့်အတွက် ရဲတပ်ဖွဲ့ကို ဝေဖန်မှုများ မြင့်တက်နေသည်။ ဥပဒေ ချိုးဖောက်သူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အရေးယူမှုများရှိနေသော်လည်း အချို့အမှုကြီးများတွင် ပြစ်မှုကျူးလွန်သူများကို တရားခံပြေးအဖြစ် ကြေညာထားပြီး ယနေ့အထိ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပေ။ အဓိကတရားခံများ...

ဝန်ထမ်းများအပေါ် သမ္မတရာဇသံ

နိုင်ငံတော်သမ္မတက ဝန်ထမ်းများကို ခပ်ကြမ်းကြမ်း သတိပေးလိုက်သည်။ နေပြည်တော်တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌအပါအဝင် ကောင်စီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ်က အောက်ပါအတိုင်း ပြောကြားခဲ့သည်။ “ဝန်ထမ်းဟာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းမလိုက်နာဘဲနဲ့ Informer (သတင်းပေး) လုပ်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံ့ဝန်ထမ်းက တက်လာတဲ့ အစိုးရအပေါ်မှာ...

တရားရုံးများ ပြည်သူကို စိတ်ကျေနပ်မှု ရစေသလော

တရားရုံးများအပေါ်  ပြည်သူများ၏စိတ်ကျေနပ်မှု မြင့်တက်လာကြောင်း အစိုးရက အစီရင်ခံစာတွင် ထည့်သွင်းထုတ်ပြန်လိုက်သည်။ ပြည်သူများ အမှန်တကယ် စိတ်ကျေနပ်ကြပါ၏လော။ ၂၀၁၈ ခုနှစ်တွင် တရားရုံးဝန်ဆောင်မှုများနှင့် ဆောင်ရွက်ချက်များအပေါ် ပြည်သူများ၏ စိတ်ကျေနပ်မှုသည် ၇၁ ရာခိုင်နှုန်းအထိရှိလာကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ဧပြီလ ၅...

တရားရေးဝန်ကြီးဌာန ဖွဲ့ချိန်တန်ပြီလော

ကွယ်ပျောက်ခဲ့သည်မှာ ကြာပြီဖြစ်သည့် တရားရေးဝန်ကြီးဌာနအရေးကို ၄၅ နှစ်နီးပါကြာပြီးနောက် ပြန်လည်ဖွဲ့စည်းရေးဆွေးနွေးလာသည်။ မြန်မာနိုင်ငံတွင် တရားရေးဝန်ကြီး ဌာနကို ၁၉၇၄ ခုနှစ်အထိ ထားရှိခဲ့ပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေ ရေးဆွဲပြီးနောက် တရားရေးဝန်ကြီးဌာန ကွယ်ပျောက်ခဲ့ရခြင်းဖြစ်သည်။ ယခုအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်...

ဆင်းကတ်အမည်ပေါက်ရေး အလုပ်ဖြစ် မဖြစ်

ဆင်းကတ်များ တရားဝင်ဖြစ်ရေးအတွက် အစိုးရက နည်းဗျူဟာအသစ်ခင်းလိုက်သည်။ ဆက်သွယ်ရေးအော်ပရေတာတစ်ခုစီထံမှ လူတစ်ဦးလျှင် ဆင်းကတ်နှစ်ကတ်နှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ပြီး တရားဝင်အမည်ပေါက်ဖြင့် မှတ်ပုံတင်ရမည် ဖြစ်သည်။ ဆိုရလျှင် လူတစ်ဦးလျှင် ဆင်းကတ်ရှစ်ကတ်အထိ တရားဝင်အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းမှာ မိုလ်ဘိုင်းလ်ငွေကြေးဝန်ဆောင်မှုများ စနစ်တကျလုံခြုံမှုရှိရေးနှင့် အများပြည်သူလုံခြုံရေးကို ထိရောက်စွာ...