Tagged: အောင်ဖြိုးဦး

လူတွေ တကယ်ပျောက်နေပြီလား

လူမှုကွန်ရက်ပေါ်တွင် နေ့စဉ်ဆိုသလို ဆက်တိုက်တက်လာသည့် လူပျောက်ကြော်ငြာများကြောင့် ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုအပြင် ဝေဖန်သံများလည်း တစ်ရှိန်ထိုး မြင့်တက်လာသည်။ လူများ အမှန်တကယ် ပျောက်နေပြီလော။ ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်း နေအိမ်က ပျောက်ဆုံးကာဖျာပုံရှိ ငါးဒိုင်တစ်ခုတွင်  ရောင်းစားခံရပြီး ပြန်တွေ့သည့်အချိန်...

လောင်းကစားဝိုင်းမဖမ်းခင် နယ်မြေခံရဲမသိပါစေနှင့်

လောင်းကစားဝိုင်း ဝင်ရောက်ဖမ်းဆီးမည့်အရေး နယ်မြေခံရဲများမသိစေရန် လျှို့ဝှက်လုပ်ဆောင်ခဲ့ရသည်။ နယ်မြေခံရဲများသိလျှင် လောင်းကစားဝိုင်းကို မဖမ်းမိဘဲ လွတ်ထွက်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာတောရိုးတွင် ဂျင်ဝိုင်းလောင်းကစား ပြုလုပ်နေသည်ဟု ဒေသခံများက ဝန်ကြီးချုပ်ထံသို့ တိုင်ကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်၏ တိုက်ရိုက်ညွှန်ကြားချက်ဖြင့်...

နှုတ်ကျွံသည့် ဝန်ကြီးချုပ်နှင့် ရတက်ပွေရသည့် ဆရာမများ

ကျေးလက်ဒေသများတွင် ဆရာမ မမြဲသည့်အရေးကို ဖြေရှင်းရန် ပဲခူတိုင်းဒေသကြီးဝန်ကြီးချုပ် လွယ်လွယ်ပေးလိုက်သည့် ဖြေရှင်းနည်းမှာ တစ်နိုင်လုံးကို ပွက်လောရိုက်သွားစေသည်။ မိမိဒေသတွင် တာဝန်ကျလာသည့် ဆရာမကို ဒေသခံနှင့် အိမ်ထောင်ပြုပြီး ယင်းဒေသတွင် တည်မြဲစေရေး ကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်းခြင်းကြောင့် ဖြစ်သည်။...

“ပြင်ဦးလွင်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး သားနှစ်ယောက်နဲ့ ပတ်သက်မှုမရှိဘူးဆိုတာတော့ ယုံကြည်ပါတယ်”

ပြင်ဦးလွင်မြို့တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ဆေးခံနေရသည့် ကျောင်းဆရာနှစ်ဦးဖခင် ဦးစိုင်းစောလှနှင့် ဆက်သွယ်မေးမြန်းခြင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း ဩဂုတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ပြင်ဦးလွင်မြို့ ဖောင်းတောကျေးရွာတွင်နေထိုင်သည့် စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင်တို့ ညီအစ်ကိုနှစ်ဦးကို ပြင်ဦးလွင်ရဲစခန်းတွင်...

ဘေးကျပ်နံကျပ် စတုတ္ထမဏ္ဍိုင်

ပြည့်သူမဏ္ဍိုင်ဟု သမ္မတဦးဝင်းမြင့်ကိုယ်တိုင်ပြောဆိုထားသည့် သတင်းမီဒီယာကဏ္ဍကို ထိုးနှက်လိုက်သည့်စကားများ ထပ်မံထွက်ပေါ်လာသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် နှင့် ဥပဒေပြုရေးမဏ္ဍိုင် သုံးခုသာရှိပြီး စတုတ္ထမဏ္ဍိုင်ဆိုသည်မှာမရှိကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ “အခြေခံဥပဒေမှာ မဏ္ဍိုင်သုံးရပ်ပဲရှိတယ်ဗျ။ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်ရယ်၊...

ရဲတပ်ဖွဲ့ မေးခွန်းထုတ်ခံရသည့် Viictoria အမှု ပျော့ကွက်များ

Victoria အမှုတွင် ရဲတပ်ဖွဲ့အမြင်နှင့်ပြည်သူ့အမြင် ဝိဝါဒကွဲပြားလျက်ရှိနေသည်။ Victoria အမှုတွင် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူကို ဖမ်းဆီးထားသော်လည်း ရဲတပ်ဖွဲ့အပေါ်ပြည်သူများ ၏ဝေဖန်မှုမှာ လျော့မသွားသည့်အပြင် မြင့်သထက်မြင့်တက်လျှက်ရှိနေသည်။ ပြစ်မှုကျူးလွန်သည်ဟုဆိုသူ အောင်ကျော်မျိုး (ခေါ်) အောင်ကြီးကို ဇူလိုင်လ ၄ ရက်နေ့တွင်...

ဝန်ထမ်းများအပေါ် သမ္မတရာဇသံ

နိုင်ငံတော်သမ္မတက ဝန်ထမ်းများကို ခပ်ကြမ်းကြမ်း သတိပေးလိုက်သည်။ နေပြည်တော်တွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ အပါအဝင် ကောင်စီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ်က အောက်ပါအတိုင်း ပြောကြားခဲ့သည်။ “ဝန်ထမ်းဟာ ဝန်ထမ်း စည်းမျဉ်း စည်းကမ်း မလိုက်နာဘဲနဲ့ Informer (သတင်းပေး)...

ကြော်သာကြော် မလျော့သည့် အဂတိ

တာထွက်ကောင်းခဲ့သော်လည်း အဂတိကော်မရှင်၏ တစ်နှစ်တာအစီရင်ခံစာသည် အားရကျေနပ်ဖွယ်ကောင်းခဲ့သည်တော့ မဟုတ်။ အဂတိ ငါးကြီးများကိုကြော်ပြနေမှုကြောင့် အဂတိလိုက်စားမှုများလျော့နည်းသွားမည်ဟု ထင်သော်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာအရဆိုလျှင် အဂတိလိုက်စားမှုများသည် လျော့နည်းသွားခြင်း မရှိသေးပေ။ အဂတိ ငါးကြီးများဟုဆိုရမည့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းတရားလွှတ်တော်ချုပ်၊...

ဦးကိုနီအမှု ကြန့်ကြာရခြင်း အဖြေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ၂ နှစ် ပြည့်တော့မည်ဖြစ်သော်လည်း တရားရုံးက စစ်ဆေးမှု မပြီးပြတ်သေးပေ။ တရားလိုပြသက်သေ ၈၀ ဦးနှင့် အစွပ်စွဲခံရသူများဘက် တင်ပြသည့် သက်သေ ၇၂ ဦးတို့ကို စစ်ဆေးနေခြင်းဖြစ်ပြီး တရားရုံးထုတ်စစ်ဆေးမှုမှာ...

မူးယစ်ဆေး သားကောင်များကို သတိပေးသံ

သရုပ်ဆောင်မိုးအောင်ရင်၏ ပြစ်ဒဏ်မှာ အနုပညာလောကသားများအပြင် နယ်ပယ်အသီးသီးကို တပ်လှန့်လိုက်သကဲ့သို့ ဖြစ်သည်။ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသုံးစွဲမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ငါးနှစ်၊ ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် သီးခြားစီချမှတ်လိုက်သဖြင့် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ်မှာ...