မန္တလေးကို မျှော်ကြည့်ခြင်း
လေးထောင့်ဆန်သည့် မန္တလေးမြို့သည် မကြာမီ စက်ဝိုင်းပုံသဏ္ဌာန်ဖြင့် ဖွံ့ဖြိုးလာတော့မည်ဖြစ်သည်။ မန္တလေးမြို့ကို ပတ်လည်ဝိုင်းနေသည့် အိမ်ရာစီမံကိန်းများကြောင့် မြို့ပြဖွံ့ဖြိုးမှုများရှိလာသလို လူနေထိုင်မှုအဆင့်အတန်းများလည်း မြင့်တက်လာမည် ဖြစ်သည်။ မိမိတို့ခေတ်က စက်ဘီးမှ ဆိုင်ကယ်ဝယ်နိုင်လျှင် ကျေနပ်နိုင်သည့် အခြေအနေဖြစ်သော်လည်း ယခုတွင် အပြိုင်အဆိုင်များလာခြင်း၊ မျှော်မှန်းချက်ကြီးလာခြင်း၊...