Tagged: မြတ်(ကလေး)

ကြေးရုပ် ပဟေဠိ

‘ဆေးကြောင့်လေး’ မဟုတ်ဘဲ ‘ကြေးကြောင့်လေး’ သည့်အဖြစ်ဟု ဆိုရမည်။ မန္တလေးတိုင်း နွားထိုးကြီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု မရှိသေးသဖြင့် အများမြို့နည်းတူ ကြေးရုပ်တုထားရှိရန် ဆုံးဖြတ်ခဲ့ပြီး ရုပ်တုဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီက ကြေးရုပ်နှင့်တကွ ရင်ပြင် ကိုပါ အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသည်။...

နရသိန်စံ ကျောင်းဆရာတို့၏ မျှော်လင့်ချက်

သားဖြစ်သူ အိုးဘိုအကျဉ်းထောင်တွင် ပြစ်မှုကြွေးကိုပေးဆပ်နေသည်မှာ ခြောက်နှစ်ကျော်ပြီ ဖြစ်သည့်အတွက် လွတ်ငြိမ်းတွင် ပါလာလိမ့်နိုးဖြင့်ဘုရားတွင် ဒေါ်ခင်စန်းမြင့် နေ့စဉ်ဆုတောင်းနေရသည်။ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများကို အကျဉ်းဦးစီးဌာနက ဂုဏ်ပြုသည့်အခမ်းအနားတွင် မိဘများကိုပါ ကန်တော့သည့်အစီအစဉ်ပါဝင်ရာ ၎င်းကို ဦးသုံးကြိမ်ချကန်တော့သည့် သားကို ကြည့်ရင်း မျက်ရည်များက...

လျှပ်စစ်ရထားလမ်း အိပ်မက်

မော်တော်ယာဉ်ဖြင့် ၁၀ နာရီကျော်အချိန်ပေး၍ သွားလာရသည့် တရုတ်နယ်စပ်သို့ သုံးနာရီမျှဖြင့် သွားလာနိုင်မည်ဆိုသည့်အတွက် ကိုစိုင်းနောင် ရင်ခုန်နေသည်။ တရုတ်နိုင်ငံထုတ်ပစ္စည်းများကို မန္တလေးတွင် ရောင်းချသူဖြစ်၍ တစ်ခါတစ်ရံ မူဆယ်မြို့သို့ ကိုယ်တိုင်သွားရောက်ရသဖြင့် မန္တလေး-မူဆယ်လမ်း မည်မျှပင်ပန်းကြောင်း သူသိသည်။ ထို့ကြောင့် အချိန်ရော...

ကျောမွဲများအတွက် အခမဲ့ရှေ့နေ

ငွေမရှိသဖြင့် ရှေ့နေမငှားနိုင်ဟုဆိုသူများအတွက် အခမဲ့အကျိုးဆောင်ပေးမည့် အဖွဲ့တစ်ခုပေါ်ပေါက်လာသည်။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဟု အမည်ပေးထားပြီး တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဖွဲ့စည်းထားသည် ဟု မန္တလေးတိုင်းဥက္ကဋ္ဌဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်ကျော်က  ပြောသည်။ ဥပဒေဆိုင်ရာ အကြံဉာဏ်များပေးခြင်း၊ လုပ်ငန်းစဉ်များလမ်းညွှန်ပေးခြင်းတို့ကို ကူညီပေးမည်ဟု ၎င်းကဆိုသည်။ “ဥပဒေထဲမှာတော့ရှိတယ်။...

၂ နှစ်ကျော်ကစားပွဲ၏ အဖြေ

“ဆရာတော်ဦးဝီရသူကို ပါရာဇိကကျတယ်လို့ ပြောလာတာနဲ့…” သတင်းထောက်များကို စကားပင် ဆုံးအောင်မပြောလိုက်ရဘဲ ကိုကျော်မျိုးရွှေကို အစ်ကိုဖြစ်သူက လာရောက်ခေါ်ဆောင်သွားပြီး “တော်ပြီ မပြောနဲ့” ဟုလည်း တားဆီးလိုက်သည်။ ၂ နှစ်ကျော် ကြာမြင့်ခဲ့သည့် သတင်းသမား ကိုဆွေဝင်းနှင့် မျိုးချစ်ဝါဒီများအကြား ဖြစ်ပွားခဲ့သည့်အမှု၏...

အစိုးရ၏ နောက်ထပ်ခြေတစ်လှမ်း

အစိုးရသက်တမ်း သုံးနှစ်ခွဲခန့်ရှိလာချိန်တွင် Job Creation (အလုပ်အကိုင် ဖန်တီးပေးရေး) အတွက် ရည်ရွယ်ကာ တိုင်းနှင့် ပြည်နယ်အားလုံးတွင် ဝန်ကြီးဌာန အသစ်တစ်ခုစီ တိုးချဲ့လိုက်သည်။ ‘လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်’ ဝန်ကြီးဌာနဟု အမည်ပေးထားပြီး ပြည်သူများ မှတ်ပုံတင်ရရှိရေးနှင့် မဲစာရင်းမှန်ကန်ရေးတို့ကိုပါ...

အဂတိ ထောင်ချောက်လော

“May I Help You ၊ ကူညီပါရစေ” ဟု ဆိုင်းဘုတ်တပ်ထားသည့်  ရဲစခန်းအတွင်း လက်ဖက်ရည်ဖိုးတောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်အချို့ အရေးယူခံလိုက်ရသည်။ လာဘ်ပေးခဲ့သူက တိုင်ကြားသဖြင့် လာဘ်ယူခဲ့သည်ဟုဆိုသော ရဲတပ်ဖွဲ့ဝင် အချို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံလိုက်ရခြင်းလည်းဖြစ်သည်။ အမှုစစ်၊စခန်းမှူးနှင့်...

ရင်းနှီးမြှုပ်နှံမှုချိန်ခွင်ပေါ်က Red Dot နှင့် ဆေးခြောက်

မြန်မာ့စီးပွားတိုးတက်ရေး အဘက်ဘက်က ကြီးစိုးနေချိန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်သောလုပ်ငန်းတစ်ခု တရားရင်ဆိုင်နေရသည်။ III M ကုမ္ပဏီသည် ဆေးခြောက်စိုက်ခင်းကြောင့် တရားရင်ဆိုင်နေရပြီး ယင်း၏ အကျိုးဆက်အဖြစ် အခြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများ မြန်မာနိုင်ငံသို့ လာရောက်လုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် အဟန့်အတားသဖွယ် ဖြစ်သွားပြီလော။ အဘယ်ကြောင့်နည်း။...

ပို၍ရှုပ်ထွေးလာသည့် အောင်သပြေပဋိပက္ခ

ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း အကျဉ်းထောင်အတွင်း သံသယဖြစ်ဖွယ်သေဆုံးခဲ့ပြီး တစ်ပတ်အကြာတွင် ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှာလည်း သံသယဖြစ်ဖွယ်သေဆုံးသွားခဲ့ပြန်သည်။ မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီး မြို့နယ်အောင်သပြေကျေးရွာအနီးရှိ ကဘဲ့တောင်ဝန်းကျင်တွင် အယ်လ်ဖာဘိလပ် မြေစက်ရုံတည်ဆောက်ရန် Myanmar  Conch Cement(Mandalay) က...

အမွေအနှစ်တို့အတွက် စိုးရိမ်ဖွယ်ဆိပ်ကမ်း

နှစ်ပေါင်းရာနှင့်ချီ တည်တံ့ခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်တို့၏အလယ်တွင် နိုင်ငံတကာအဆင့်မီ စက်သုံးဆီအတင်အချဆိပ်ကမ်းတစ်ခုကို လုပ်ဆောင်နေသည်။ ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်ဆုံရာ အရပ်၊ နှစ်ပေါင်းခြောက်ရာကျော် သက်တမ်းရှိသည့် အင်းဝမြို့ဟောင်း၊ နှစ် ၁၀၀ ကျော် သက်တမ်းရှိ စစ်ကိုင်းတံတားနှင့် နှစ်ပေါင်း ၁၅၀ နားနီးလာသည့်...