Tagged: မြန်မာ့ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး လက်တွေ့နှင့် နောက်ကွယ်

ယခုဆောင်းပါးကို ဖတ်နေရချိန်တွင် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့က ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လေးနှစ်ပြည့်လုပြီ။ ၂၀၁၁ က စတင်ခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ်သစ်မှာမူ ရှစ်နှစ်ကြာပြီ။ လတ်တလောကာလများတွင် ရခိုင်ပြည်နယ် ဒေသအချို့တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့...

မစ္စတာဟုန်လျန်ချန်ထားရစ်သော သတင်းစကား

တာဝန်မှပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မြန်မာပြည်အတွက် ချန်ထားရစ်သော သတင်းစကားများရှိသည်။ မစ္စတာဟုန်လျန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် မြန်မာနိုင်ငံတွင် ၂၀၁၅  ခုနှစ် ဇွန်လမှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုမေလကုန်တွင် တာဝန်ပြီးဆုံးမည် ဖြစ်သည်။ မေလ...

ငြိမ်းချမ်းရေး အတွေး လေးရပ်

ငြိမ်းချမ်းရေးနှင့်ဆိုင်သော အတွေး၎ရပ်ကို တနေ့က ငြိမ်းချမ်းရေးစကားဝိုင်းတစ်ခုတွင် အများကြားအောင် အသံထွက်၍ မေးဖြစ်၊ ပြောဖြစ်သည်။ ပထမမေးခွန်း၊ သို့မဟုတ် အတွေး။ ငြိမ်းချမ်းရေးတွင် အလယ်အလတ်သမားများ နောက်ရောက်လာသလား။ မြန်မာနိုင်ငံ တံခါးပွင့်သွားခြင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ခြင်းသည် အလယ်အလတ်သမားများ နေရာရလာသောကြောင့်၊ အလယ်အလတ်အယူအဆများ...

ဇာတ်အထွတ်အထိပ်တွင် ရင်တမမနှင့် ရှိနေမည့် ငြိမ်းချမ်းရေး

ယခုအစိုးရလက်ထက်အတွင်း ၂၀၁၉ ခုနှစ်သည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် အကောင်းဆုံးနှစ်တစ်နှစ် ဖြစ်သည်။ ယခုနှစ်အတွင်းတွင်မှ မဆောင်ရွက်နိုင်လျှင် ငြိမ်းချမ်းရေးဇာတ်လမ်းသည် တစ်ခန်းရပ်သွားလိမ့်မည်ဟုပင် ပြောနိုင်သည်။ အကြောင်းမှာ နောက်တစ်နှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်သည် အစိုးရကို ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် အလုပ်ရှုပ်စေမည်ဖြစ်ပြီး ငြိမ်ချမ်းရေးကိစ္စသည်...

စစ်ဆင်ရေးရပ်ခြင်းနှင့် အခြေခံဥပဒေပြင်သော ထွေ/အုပ်

နှစ်ကုန်ခါနီး ဒီဇင်ဘာ၂၁ရက်နေ့ တစ်နေ့တည်းတွင် ထွက်လာသော ပြောကြားချက် နှစ်ခုသည် ၂၀၁၈ ကို လှလှပပအနားသတ်လိုက်သည်။ စစ်ဆင်ရေးရပ်ဆိုင်းခြင်းနှင့် ထွေအုပ် ပြောကြားချက်။ စစ်ဆင်ရေးရပ်ဆိုင်းခြင်း။ ဒီဇင်ဘာ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အထိ ကာလအတွင်း တပ်မတော်က...

ပြန်လှုပ်လာသည့် ငြိမ်းချမ်းရေး

လမ်းစပိတ်နေသယောင်ယောင်၊ နောက်ပြန်ကျသွားလေသယောင်ယောင်ဖြစ်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်သည် ဒီဇင်ဘာလ ဒုတိယပတ်တွင်ပြန်၍လှုပ်နိုးလာသည်။ သမ္မတ ဦးသိန်းစိန်လက်ထက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ကို စတင်အကောင်အထည်ဖော်ချိန်မှစ၍ ဖြစ်စဉ်ထဲတွင် မပါဝင်စေရန် ဖယ်ကျဉ်ခြင်းခံခဲ့ရသည့် မြောက်ပိုင်းသုံးဖွဲ့နှင့် အစိုးရတို့အကြား ဆက်ဆံရေးအနေအထားသည် မီးစိမ်းလာလေသည်။ တအန်း/ပလောင်အဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့...

“ပြည်သူက သည်းမခံဘူးဆိုရင်၊ ပြည်သူ့ဒေါသပေါက်ကွဲလာမယ်ဆိုရင် အဲဒီပွဲဖျက်တဲ့သူက တရားခံဖြစ်မှာပေါ့”

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် တွေ့ဆုံခြင်း အောက်တိုဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ထိပ်သီးခေါင်းဆောင်များတွေ့ဆုံပွဲပြီးနောက် မြန်မာ့ငြိမ်းချမ်းရေးတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် KNU နှင့် RCSS တို့ကလည်း...

ငြိမ်းချမ်းရေး နောက်ပြန်လျှောပြီလော

ငြိမ်းချမ်းရေးနောက်ပြန်လျှောပြီလားဟု စိုးရိမ်နေကြသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement – NCA ထိုးထားသည့်အဖွဲ့များထဲမှ အကြီးဆုံးနှစ်ဖွဲ့ ဖြစ်သည့် KNU နှင့် RCSS နှစ်ဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆိုင်ရာ အရေးပေါ်အစည်းအဝေးများ ထိုင်ကာ...

ဇာတ်ရှိန်တက် မြန်မာ့ငြိမ်းချမ်းရေး

ခုနစ်နှစ်တာကာလအတွင်း ကပြလာခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ် ဇာတ်ထုပ်၏အရှိန်သည် ယခု ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမြင့်ပိုင်းသို့ တက်လာနေသည်။ မကြာသေးခင်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သုံးပွင့်ဆိုင်ထိပ်သီးများတွေ့ဆုံမှုက ယင်းအချက်ကို ညွှန်းပြလျက်ရှိသလို တွေ့ဆုံပွဲ၏ရလဒ်သည်လည်း ယင်းအချက်ကိုပင် ထပ်ဆင့်ဖော်ပြနေပြန်သည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်...

ရွှေစံအိမ် မှတ်တမ်း

ပုပ္ပါး၊ ရန်ကုန်၊ နေပြည်တော် ပုဂ္ဂလိကမီဒီယာတော်တော်တော်များများက ‘ထိပ်သီးဆွေးနွေးပွဲ’ဟု သုံးသည်။ EAO များကမူ ‘10 + 10’ ဟု ဆိုသည်။ (NCA လက်မှတ်ရေးထိုးထားသည့် ဆယ်ဖွဲ့မှ ခေါင်းဆောင်ဆယ်ဦးနှင့် အစိုးရ၊ တပ်မှ ခေါင်းဆောင်ဆယ်ဦးပါဝင်၍...