Tagged: နိုင်လင်းအောင်

အခွန်ဝက်အူတင်းသည့် အမည်ပေါက်ကားဂယက်

ဝင်ငွေခွန်လျှော့ချမှုနှင့်အတူ မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲရေး ဂယက်လှုပ်ခတ်လာသည်။ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်နှုန်းထား လျှော့ချလိုက်သဖြင့် မော်တော်ယာဉ် ဝယ်ယူရာတွင် ပေးဆောင်ရသည့် ဝင်ငွေခွန် ပမာဏလျော့နည်းသွားပြီး စုစုပေါင်း မော်တော်ယာဉ်တန်ဖိုးလည်း လျော့ကျလာရာ...

ဒုက္ခပွေ လေယာဉ်မတော်တဆ

တပ်မတော်လေယာဉ်တစ်စင်း မတော်တဆမှုကြောင့် ခရီးသည်ပေါင်းများစွာ ဒုက္ခတွင်းနက်သွားသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့က ရန်ကုန်လေဆိပ်တွင် တပ်မတော် လေယာဉ်တစ်စင်း ပြေးလမ်းချော်ခဲ့ပြီး ယင်းလေယာဉ်ကို နာရီပေါင်းများစွာကြာသည်အထိ အချိန်ယူရှင်းလင်းခဲ့ရသည်။ ရန်ကုန်လေဆိပ်ကို ယာယီပိတ်ပင်လိုက်ပြီး လေယာဉ်ဆင်းသက်ထွက်ခွာခွင့်မပြုခြင်းကြောင့် ဒါဇင်နှင့်ချီသော...

ပုဂံက အရှိန်မြှင့်မည့် မြန်မာ့ခရီးသွားအင်ဂျင်

ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ဖမ်းနိုင်မည့် အခွင့်အရေးကား မြန်မာတို့လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့  (UNESCO) က မြန်မာတို့နှလုံးသည်းပွတ်ထဲမှ ပုဂံကို ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးနေရာအဖြစ် သတ်မှတ်လိုက်ခြင်းသည် ပုဂံ၏ ကြီးကျယ်ခမ်းနားမှုကို ကမ္ဘာသိ မှတ်ကျောက်တင်နိုင်ရုံသာမက မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေးကို...

သံသယကမ္ဘာအတွက် ခြေရာခံမှော်မျက်လုံးများ

လုံခြုံစိတ်ချမှုမရှိသော ပတ်ဝန်းကျင်ကြောင့် သံသယမီးပွားတို့ တဖွားဖွားတောက်လောင်နေသည်မှာ မြန်မာပြည်သူတို့ နဖူးတွေ့၊ ဒူးတွေ့ကြုံနေရသည့် လူမှုဘ၀ ပကတိအခြေအနေမှန် ဖြစ်သည်။ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည့် ခိုးမှု၊ ခါးပိုက်နှိုက်မှု၊ လုယက်မှု၊ မုဒိန်းမှုနှင့် လူသတ်မှုစသည်ပြစ်မှုများကြောင့် မြန်မာပြည်သူတို့ မျက်စိနှစ်လုံးဖွင့်ချိန်မှ မျက်စိနှစ်လုံးပိတ်ချိန်အထိ...

ပြည်ပပြိုင်ဘက်များနှင့် ဆန်ဈေးကွက်အခင်းကျင်းသစ်

သတ္တမမြောက် ကမ္ဘာ့ဆန်စပါးထုတ်လုပ်မှုအများဆုံးဖြစ်သော မြန်မာနိုင်ငံ၏ ဆန်လုပ်ငန်းကဏ္ဍအတွက် အရေးပါသည့် တံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဆန်နှင့်ဆန်ကွဲတင်ပို့မှုလုပ်ငန်းတွင် နိုင်ငံခြားဖက်စပ်ကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီများဝင်ရောက်လုပ်ကိုင်ရန် တံခါးဖွင့်ကမ်းလင့်လိုက်ခြင်း ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန်လ ၆ ရက်တွင် ထုတ်ပြန်သောအမိန့်ကြော်ငြာစာအရ ပြည်တွင်းတွင်...

ရုပ်လုံးပေါ်လာသည့် ဟန်းဆက်အခွန်

မိုဘိုင်းလ်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းဈေးကွက်အတွက် အခွန်အပြည့်အဝကောက်ခံမည့် အစီအစဉ်တစ်ရပ်ကို ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာမောင်းခတ်လိုက်ပြီ ဖြစ်သည်။ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းဝယ်ယူပါက ဝယ်ယူသူသည် အခွန် ၅ ရာခိုင်နှုန်းပေးရမည်ဖြစ်သည်။ ထိုအခွန်ကို ဖုန်းရောင်းချသည့် ဆိုင်များက ကောက် ယူထားမည်။ အခွန်ကောက်ယူကြောင်းကိုလည်း ဝယ်ယူသည့်...

သင်္ကြန်ခါတော်မီ ကုန်စည်ဈေးကွက်

ရန်ကုန်မြို့ ကုန်စည်ဈေးကွက်မှာ သင်္ကြန်ခါတော်မီ အရောင်းအဝယ်သွက်လာသည်။ နှစ်သစ်ကူးသင်္ကြန်ပွဲတော်မတိုင်မီ ကာလများသည် နိုင်ငံတစ်ဝန်းရှိ ဈေးများ၊ ကုန်စည်ဈေးကွက်များအတွင်း ဈေးသည် ဈေးဝယ်များဖြင့် လှုပ်ရှားသက်ဝင်မှုအရှိဆုံးကာလလည်း ဖြစ်သည်။ ရန်ကုန်မြို့၌ လယ်ယာထွက်ကုနှ်နှင့် အခြေခံစားသောက်ကုန်များအဓိကရောင်းဝယ်ရာ ဘုရင့်နောင် ကုန်စည်ဈေးကွက်တွင် သင်္ကြန်ရုံးပိတ်ရက်များအတွက် စားသောက်ကုန်များ...

အကျပ်ရိုက်ဆဲ နှစ်သစ်ကူးအိမ်ပြန်ခရီး

မတ်လမကုန်သေးသော်လည်း သင်္ကြန်ပိတ်ရက်အတွက် ကားလက်မှတ်ဝယ်ရန်မှာ ခက်ခဲလာပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ခရီးသွားလာမှုအကြီးမားဆုံးအခိုက်အတန့်ဖြစ်သည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်ရုံးပိတ်ရက်များတွင် ရန်ကုန်မြို့မှ အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲသည့် အဝေးပြေးခရီးသည်တင်ကားလက်မှတ်များ ပြတ်လပ်စ ပြုလာသည်။ သင်္ကြန်ရုံးပိတ်ရက်သည် ၂၀၁၉ ခုနှစ် ဧပြီလ ၁၃ မှ ၁၇...

မားကက်တင်းဆင်းရမည့် လယ်ယာထွက်ကုန်

လွန်ခဲ့သည့် နှစ်နှစ်က မြန်မာ့ပဲပို့ကုန်ကို အိန္ဒိယနိုင်ငံက တန်ချိန်ကန့်သတ်ဝယ်ယူခဲ့သဖြင့် ပြည်ပပဲတင်ပို့မှု  ကမောက်ကမ ဖြစ်ခဲ့ပြီး ပြည်တွင်းပဲဈေးများကျဆင်းခဲ့သည်မှာ ယနေ့တိုင် နာလန်မထူသေးချေ။ ဘူးလေးရာ ဖရုံဆင့်ဆိုသလိုပင် မြန်မာ့ဆန်ကို ဥရောပသမဂ္ဂက ယခုနှစ်တွင် အခွန်ကောက်ရန် ဆုံးဖြတ်ခြင်း၊ တရုတ်နယ်စပ် မြန်မာ့ဆန်နှင့်...

မြန်မာ့စီးပွား ကျွဲ နွား

ပြည်ပပို့ကုန်ပမာဏနှစ်ဆတိုးတက်လာသော ကုန်စည်တစ်မျိုးရှိသည်။ ယင်းကုန်စည်ကား မြန်မာနိုင်ငံ၏ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှု ဖြစ်သည်။ ကျွဲ၊ နွားများ တရားဝင်ပြည်ပတင်ပို့ခွင့်ပြုခဲ့ပြီးနောက်ပိုင်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှု တစ်ဟုန်ထိုး တိုးတက်လာခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် ကြားဖြတ်ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း အဆိုပါကုန်ပစ္စည်းများတင်ပို့မှုသည်...